Taikkyi ကြက်မွေးမြူရေးခြံတွင် Solar + BESS + Diesel Off-grid Microgrid ဖြင့် 24/7 လျှပ်စစ်ဓာတ်အားပေးခြင်း

မြန်မာနိုင်ငံ Taikkyi (တိုက်ကြီး)မြို့ ရှိ ကြက်မွေးမြူရေးခြံတစ်ခုတွင် ဒေသခံမဟာဓာတ်အားလိုင်း၏ မီးအားအရည်အသွေးနှင့် Transformer စွမ်းရည်မလုံလောက်မှုကြောင့် ပုံမှန် Grid ချိတ်ဆက်အသုံးပြုခြင်းထက် Off-grid စနစ်ကို ရွေးချယ်ခဲ့ ပါတယ်။ LIVOLTEK သည် 957.6 kWp Solar PV၊ 750 kW / 1,566 kWh BESS နှင့် Diesel Generator ကို ပေါင်းစပ်ထားသော Hybrid Microgrid ဖြင့် ကြက်မွေးမြူရေးအဆောက်အအုံ ၂ ခုအတွက် 24 နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် စနစ်တည်ဆောက်ပေးခဲ့ပါတယ်။

957.6 kWp Solar PV

750 kW Inverter

1,566 kWh Battery

24/7 Power

Grid ချိတ်ဆက်မှုအစား Off-grid စနစ်ကို ဘာကြောင့်ရွေးချယ်ခဲတာလဲ

ခြံအနီးရှိ Transformer သည် အရွယ်အစားသေးငယ်ပြီး လုပ်ငန်းသုံး Load ကို အပြည့်အဝထောက်ပံ့ရန် မလုံလောက်ပါ။ ဒါ့အပြင် အချို့အချိန်များတွင် Voltage သည် 100 V ကျော်သာရှိပြီး ကြက်မွေးမြူရေးလုပ်ငန်းလို အဆက်မပြတ်လည်ပတ်ရေးစနစ်အတွက် ယုံကြည်စိတ်ချရသော Grid supply မဖြစ်နိုင်ပါ။

ဒါ့ကြောင့် Customer သည် မဟာဓာတ်အားလိုင်းကို အဓိက အားမကိုးတော့ပဲ Solar + Battery Energy Storage + Diesel Generator ဖြင့် ကိုယ့် site ထဲမှာပဲ လျှပ်စစ်ထုတ်လုပ်၊ သိုလှောင်နှင့် Backup ပေးနိုင်တဲ့ Off-grid Hybrid Microgrid ကို တပ်ဆင်ဖို့ရွေးချယ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လျှပ်စစ်မီးအားလိုင်းကလည်း ဒီလိုစနစ်မျိုးနဲ့ ပိုအဆင်ပြေပြေကိုက်ညီပါတယ်။ 2026 မေလတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း လျှပ်စစ်လိုအပ်ချက်၏ ခန့်မှန်းခြေ 70% ကိုသာ ဖြည့်ဆည်းပေးနိုင်ကြောင်း ထုတ်ပြန် ထားပြီးသားပါ။ World Bank ၏ October 2025 Firm Monitoring Survey တွင်လည်း စီးပွားရေးလုပ်ငန်း 64% သည် မီးပြတ်တောက်မှုကြုံတွေ့ခဲ့ပြီး 47% သည် Diesel Generator တွင် ရင်းနှီးမြှုပ်နှံထားပြီး 32% သည် Off-grid power system များတွင် ရင်းနှီးမြှုပ်နှံထားကြောင်းလည်း ထုတ်ဖော်ပြခဲ့ပါတယ်။

Solar + BESS + Diesel Hybrid Microgrid ဘယ်လိုအလုပ်လုပ်သလဲ

နေ့လည်ဘက်မှာ solar ကအထိလျှပ်စစ်ဓာတ်အားအဖြစ်အဓိကအလုပ်လုပ်ပါတယ်။ Solar ထုတ်လုပ်မှုက Load ထက်ပိုနေချိန် Battery Energy Storage System က လျှပ်စစ်စွမ်းအင်ကို သိုလှောင်ထားပါတယ်။ Solar မလုံလောက်ချိန် ဒါမှမဟုတ် ညဘက်မှာ BESS က လိုအပ်တဲ့ Load ကို ထောက်ပံ့နိုင်ပြီး၊ Solar နှင့် Battery နှစ်ခုလုံး မလုံလောက်ချိန်မှာ Diesel Generator ကို Backup အဖြစ် အသုံးပြုပါတယ်။

ဒီစနစ်ကDiesel Generator ကို အမြဲတမ်းလည်ပတ် နေစရာမလိုပဲ Solar Energy ကို ဦးစားပေးအသုံးပြုနိုင်ပြီး Battery က လျှပ်စစ်အသုံးပြုမှုကို အချိန်ရွှေ့ပေးနိုင်ပါတယ်။

ကြက်မွေးမြူရေးအတွက် 24 နာရီ လျှပ်စစ်ဓာတ်အား ဘာကြောင့်အရေးကြီးသလဲ

ဒီစနစ်က ကြက်မွေးမြူရေးအဆောက်အအုံ ၂ လုံးကို လျှပ်စစ်ပေးထားပြီး အဆောက်အအုံတစ်လုံးစီမှာ ကြက် 20,000 ကျော် မွေးမြူနိုင် ပါတယ်။ Modern poultry farm တစ်ခုတွင် အစာကျွေးစနစ်၊ ရေပေးစနစ်၊ လေဝင်လေထွက်စနစ်နှင့် အလင်းရောင်တို့က လျှပ်စစ်ဓာတ်အားပေါ် မှာ အများကြီးမူတည်ပါတယ်။

အထူးသဖြင့် Ventilation System က လေထုလည်ပတ်မှု၊ အပူချိန် နဲ့ ကြက် တွေရဲ့ကျန်းမာရေးအခြေအနေကို ထိန်းသိမ်း ဖို့ အရေးကြီးပါတယ်။ Solar + BESS + Diesel Backup စနစ်ကိုအသုံးပြုခြင်းဖြင့် အရေးကြီး load တွေအားလုံးကို 24/7 လည်ပတ်စေနိုင်ပါတယ်။

Project Configuration

မြန်မာနိုင်ငံရှိ စက်ရုံ၊ စိုက်ပျိုးမွေးမြူရေးနှင့် Weak-grid Site များအတွက် အသုံးချနိုင်မှု

Transformer capacity မလုံလောက်ခြင်း၊ Voltage မတည်ငြိမ်ခြင်း၊ မီးပြတ်တောက်မှုများပြားခြင်း ဒါမှမဟုတ် Grid Access မရှိတဲ့ site တွေမှာလည်း Hybrid Microgrid က Grid ချိတ်ဆက်မှုတစ်ခုတည်းကိုအားကိုးခြင်းထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီ architecture ကို ကြက်မွေးမြူရေးခြံများ သာမက စက်ရုံများ၊ Food Processing Site များ၊ Warehouse များ၊ Mining Site များ၊ Telecom Site များနှင့် Remote Commercial Facility များတွင်လည်း Load profile နှင့် Site condition အလိုက် ပြင်ဆင်အသုံးပြုနိုင်ပါတယ်။

FAQ

Off-grid Solar + BESS + Diesel Microgrid ဆိုတာဘာလဲ?

Solar PV၊ Battery Energy Storage နှင့် Diesel Generator ကို ပေါင်းစပ်ထားပြီး ပုံမှန်လည်ပတ်မှုအတွက် Utility Grid ကို အဓိကမလိုအပ်သော Local Power System ဖြစ်ပါတယ်။

Diesel Generator ရှိပြီးသားဖြစ်ရင် Battery ဘာကြောင့်လိုသလဲ?

Battery သည် Solar Energy ကို သိုလှောင်ပြီး Solar အားနည်းချိန်တွင် Load ကို ဖြည့်ပေးနိုင်သဖြင့် Generator ကို အကြိမ်ကြိမ်စတင်ရန်မလိုဘဲ Renewable Energy အသုံးချမှုကို တိုးစေနိုင်ပါတယ်။

Taikkyi Project မှာ ဘာတွေပါဝင်သလဲ?

957.6 kWp Solar PV၊ LIVOLTEK GT3-125kW Inverter ၆ လုံး၊ LIVOLTEK BES-P125X261 BESS ၆ လုံး၊ စုစုပေါင်း 750 kW / 1,566 kWh Battery Storage နှင့် Diesel Generator Backup ပါဝင်ပါတယ်။

Weak-grid Site တစ်ခုကို ကိုယ်ပိုင်စွမ်းအင်စနစ်တစ်ခုအဖြစ် ပြောင်းလဲခြင်း

Taikkyi Poultry Farm Project ၏ အဓိကရည်ရွယ်ချက်မှာ Grid အခြေအနေမကောင်းသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း၏ အရေးကြီးသော Load များကို 24 နာရီ ဆက်တိုက်လည်ပတ်စေရန်ဖြစ်သည်။ Solar, Battery Storage နှင့် Diesel Generation ကို စနစ်တကျ ပေါင်းစပ်ခြင်းဖြင့် LIVOLTEK သည် Remote နှင့် Weak-grid Commercial Site များအတွက် လက်တွေ့အသုံးချနိုင်သော Hybrid Microgrid Architecture တစ်ခုကို ဖန်တီးပေးထားပါတယ်။

Contact Us

We’re here to answer your questions.

Find Us

See our location and visit us anytime.